Saturday, May 29, 2010

သင်ခန်းစာ (ဟာသ)

Buzz This ဆာလောင်နေသော မြေခွေးသည် တောတစ်ခုလုံး အနှံ့ စားစရာရှာသည်။မမျှော်လင့်ပဲ မြင်းတစ်ကောင်ကိုတွေ့သည်။
'ဟေ့ မြင်း မင်းကို ငါစားရမယ်'
'ငါ့ကို စားလို့ မရဘူး'
'ဘာဖြစ်လို့လဲ'
'ဘာဖြစ်လို့လဲဆိုတော့ ငါက စုပေါင်းလယ်ယာပိုင် မြင်း ဖြစ်နေလို့'
'ဘာဆိုင်လို့လဲ'
'ဒီလိုလေ ၊ ဆိုကြပါစို့ ပုဂ္ဂလိက ပိုင်မြင်းကို မင်းစားလိုက်တယ်ဆိုပါစို့ ၊ ပိုင်ရှင်ဟာ မင်းကိုတစ်ရက် နှစ်ရက်ထက် ပိုမရှာနိုင်ဘူး ၊ နောက်ဆုံးမောပြီး သူလက်လျှော့လိုက်မှာပဲ ၊ စုပေါင်းလယ်ယာမှာကျတော့ အသင်းဝင် လယ်သမား သုံးရာကျော်ရှိတယ် ၊ သူတို့ ၀ိုင်းရှာလိုက်ရင် မင်းကို ခဏလေးနဲ့ဖမ်းမိမှာကွ'
'မင်းပြောတာ သဘာဝကျတယ် ၊ ဒါပေမဲ့ မင်းဟာ စုပေါင်း လယ်ယာမြင်းဆိုတာ ဘယ်လိုလုပ် သက်သေထူမလဲ ၊ ကဲ'
'ငါ့ရဲ့  နောက်ခြေထောက်မှာ စုပေါင်းလယ်ယာ တံဆိပ်ပါတဲ့ သံခွာရိုက်ထားတယ် ၊ ကြည့်ပါလား' မြေခွေးငုံ့ ကြည့်သည် ။ ထိုအချိန်တွင် မြင်းက ဖနောင့်နှင့် မြေခွေးကို ပေါက်ကန်လိုက်ရာ မြေခွေး လွင့်စင် ထွက်သွားသည်။ သုံးမိနစ်ခန့် သတိမရပဲ ဖြစ်သွားသည် ။ သတိပြန်လည်လာသောအခါ မြေခွေးက အောက်ပါအတိုင်းပြောသည် ။ 'ငါကိုက မိုက်တာ ၊ စာမဖတ်တတ်ပဲနဲ့များ ငုံ့ကြည့်ရတယ်လို့'

3 comments:

Yu Shwe said...

လာဖတ်သွားတယ် ... ရီတော့မရီရဘူး ။ ဒါပေမယ့် သဘောကျလို့ ပြုံးသွားတယ် ။ :)

may16 said...

ဟား ဟား ဟာသက ထိမိတယ် ဟာသလည်းကြိုက်တယ်
နည်းပညာတွေကိုလည်း လာပြီးကူးမယ်နော်.

လင်းလဲ့ဦး said...

ဟုတ်ကဲ့ပါ..လာကူးပါ...နောက်လည်းလာလည်ပါအုံး..ကျေးဇူးတင်ပါတယ်..

Post a Comment

Recent Post

 
Web Informer Button