Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

Saturday, December 25, 2010

တက်ရဲရင်တက်ပလား

Buzz This ပ-လူ ။ ။ ဗျို့.. ကိုအောင်မင်း ။ ခင်ဗျားတို့ လမ်းထဲက ထွက်ထွက်လာတဲ့ အမျိုးသမီးက တောင့်ပြီး
ဖြောင့်နေတာပဲ ။ သူ ဘာအလုပ်လုပ်သလဲဟင်။
ဒု-လူ ။ ။ သူနာပြုဆရာမလေကွာ။
ပ-လူ ။ ။ ဟာ……….ဒါဆိုအတော်ပဲ။ ဘယ်ဆေးခန်းမှာလုပ်တာလဲဟင်။
ဒု-လူ ။ ။ လှမှုးသွင် ဆေးခန်းမှာ ထိုင်တယ် ။ မင်းဘာလုပ်မလို့လဲ။
ပ-လူ ။ ။ ရောဂါဝေတနာတစ်ခုခု အကြောင်းပြပြီး သူရှိတဲ့ဆေးခန်းမှာ တက်မလားလို့ ဟီးဟီး…။
ဒု-လူ ။ ။ တက်ချင်တက်လေ ။ အဲသည်ဆေးခန်းက သားဖွားမီးယပ် အထူးကုဆေးခန်းကွ။
ပ-လူ ။ ။ ဗျာ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

အားလုံးစိတ်ချမ်းသာရမယ်

Buzz This ဖခင် ။ ။ သမီးရေ…………မနေ့ညက သမီး ရဲ့ ကောင်လေး ဖေဖေ ဆီ ရောက်လားပြီး နားနဲ့မနာ
ဖ၀ါးနဲ့နာဖို့လာပြောတယ် ။ ကောင်လေး ကို ဖေဖေ သဘောကျတာမို့ သဘောတူသဟေ့။
ကိုင်း သမီး သဘောကကော……..။
သမီး ။ ။ သမီးလည်း သဘောကျတာ မှန်ပါတယ်။ ဒါပေမဲ့ သမီးလေ မေမေ နဲ့ မခွဲနိုင်ဘူး ဖေဖေ ။
ဖခင် ။ ။ မပူနဲ့။ အားလုံးစိတ်ချမ်းသာရအောင် ဖေဖေ စီစဉ်ထားပြီးသား။သမီး……သမီးကောင်းလေး
နောက်လိုက်တဲ့အခါ သမီးရဲ့ မေမေ ပါ တစ်ပါတည်းထည့်ပေးလိုက်မယ် ။
သမီး ။ ။ ရှင်!!!!!!!!!!!!!!!!!!!!!

ငရဲပြည်သို့

Buzz This သူငယ်ချင်းနှစ်ယောက် လမ်းမှာဆုံမိကြသည်။
ပ-လူ ။ ။ “ဟေ့ကောင်ကြီး…….မျက်နှာမကောင်းပါလား ။ ဘယ်ကပြန်လာတာလဲ။
ဒု-လူ ။ ။ အလုပ် က ပြန်လာတာလေ။ အလုပ်ရှင်က ကြိမ်းမောင်းလွတ်လိုက်လို့ကွ။
ပ-လူ ။ ။ မင်းကို ဘယ်လို ကြိမ်းလွတ်လိုက်လို့လဲကွ။
ဒု-လူ ။ ။ ငါ့ကို”အသုံးမကျတဲ့ကောင် ၊ ခု ငရဲပြည်ကိုသွား” တဲ့ကွာ။
ပ-လူ ။ ။ အဲဒီတော့ မင်းခုဘယ်သွားမလို့လဲ ။
ဒု-လူ ။ ။ မိန်းမဆီ ပြန်မလို့လေ။

Thursday, December 2, 2010

စဉ်းစားလွန်းသူ (ဟာသ)

Buzz This
' ကျွန်တော့ မိန်းမဟာ စဉ်းစားလွန်းလို့ ဆံပင်တောင် ဖြူစ ပြုလာပြီ '
' ဘာတွေ စဉ်းစားလို့ တုန်း '
' သြော် ၊ ရွှေရောင်ဆံပင် ဆိုးဆေးဆိုးရမလား ၊ အညိုရောင်ဆေး သုံးရမလားဆိုတာ စဉ်းစားရင်းနဲ့ ခေါင်းဖြူ အဖွား

ကြီး ဖြစ်သွားတာလေ '

စောစောကတည်းက (ဟာသ)

Buzz This
' တရားခံ ၊ တရားလိုရဲ့  ခေါင်းကို ခင်ဗျား ထိုးကြိတ်ခဲ့တယ်ဆိုတာ ၀န်ခံသလား '
' ၀န်ခံပါတယ် ၊ ဒါပေမဲ့ သူ့ခြေထောက် ခွင်နေတာကတော့ ကျွန်တော် မရိုက်ခင် ကတည်းကပါ '

Thursday, September 9, 2010

တော်လိုက်တဲ့သမီး (ဟာသ)

Buzz This " လူကြီးမင်းတို့ သမီးလေးက ငါးနှစ်ပဲ ရှိသေးတယ်နော် ။ ဒါတောင် ကလေးကို သူ့အမည်ကို နောက်ပြန် စာလုံးပေါင်းနိုင်တယ် ...
ဟုတ်လား ဒါ သိပ်အံ့သြ ဖို့ကောင်းတဲ့ အကြောင်းပဲ "

ကျောင်းအုပ် ဆရာမကြီးသည် သူတို့ သမီးကို ကျောင်းအပ်လက်ခံ ရေးအတွက် ကလေး၏ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ပုံကို သဘောကျစေရန် ကြိုးစားလျက်ရှိသော မိဘ နှစ်ဦး နှင့် စကားပြောလျက်ရှိသည် ။

" မှန်ပါတယ် ဆရာမကြီး ကျွန်မတို့ဟာ သမီးလေးအတွက် ဂုဏ်ယူလို့ မဆုံးနိုင်ပါဘူး ရှင် " ဟု အမေဖြစ်သူက ပြော၏

" သြော် ဒါထက် လူကြီး မင်းတို့ သမီးကလေးရဲ့ နာမည်က ဘယ်သူပါတဲ့လဲ "

" ခင်မီမီခင် " ပါရှင်

Saturday, May 29, 2010

သင်ခန်းစာ (ဟာသ)

Buzz This ဆာလောင်နေသော မြေခွေးသည် တောတစ်ခုလုံး အနှံ့ စားစရာရှာသည်။မမျှော်လင့်ပဲ မြင်းတစ်ကောင်ကိုတွေ့သည်။
'ဟေ့ မြင်း မင်းကို ငါစားရမယ်'
'ငါ့ကို စားလို့ မရဘူး'
'ဘာဖြစ်လို့လဲ'
'ဘာဖြစ်လို့လဲဆိုတော့ ငါက စုပေါင်းလယ်ယာပိုင် မြင်း ဖြစ်နေလို့'
'ဘာဆိုင်လို့လဲ'
'ဒီလိုလေ ၊ ဆိုကြပါစို့ ပုဂ္ဂလိက ပိုင်မြင်းကို မင်းစားလိုက်တယ်ဆိုပါစို့ ၊ ပိုင်ရှင်ဟာ မင်းကိုတစ်ရက် နှစ်ရက်ထက် ပိုမရှာနိုင်ဘူး ၊ နောက်ဆုံးမောပြီး သူလက်လျှော့လိုက်မှာပဲ ၊ စုပေါင်းလယ်ယာမှာကျတော့ အသင်းဝင် လယ်သမား သုံးရာကျော်ရှိတယ် ၊ သူတို့ ၀ိုင်းရှာလိုက်ရင် မင်းကို ခဏလေးနဲ့ဖမ်းမိမှာကွ'
'မင်းပြောတာ သဘာဝကျတယ် ၊ ဒါပေမဲ့ မင်းဟာ စုပေါင်း လယ်ယာမြင်းဆိုတာ ဘယ်လိုလုပ် သက်သေထူမလဲ ၊ ကဲ'
'ငါ့ရဲ့  နောက်ခြေထောက်မှာ စုပေါင်းလယ်ယာ တံဆိပ်ပါတဲ့ သံခွာရိုက်ထားတယ် ၊ ကြည့်ပါလား' မြေခွေးငုံ့ ကြည့်သည် ။ ထိုအချိန်တွင် မြင်းက ဖနောင့်နှင့် မြေခွေးကို ပေါက်ကန်လိုက်ရာ မြေခွေး လွင့်စင် ထွက်သွားသည်။ သုံးမိနစ်ခန့် သတိမရပဲ ဖြစ်သွားသည် ။ သတိပြန်လည်လာသောအခါ မြေခွေးက အောက်ပါအတိုင်းပြောသည် ။ 'ငါကိုက မိုက်တာ ၊ စာမဖတ်တတ်ပဲနဲ့များ ငုံ့ကြည့်ရတယ်လို့'

Monday, May 24, 2010

သိပ်တဲ့လူနိုး

Buzz This စာသင်ချိန်တွင် ဖြစ်သည်။ ဆရာက တပည့်ကို ပြောသည်။ ' မောင်နီ ၊ မင်းဘေးက မောင်နက်ကို နှိုးလိုက်စမ်း' 'ဘာဖြစ်လို့ ကျွန်တော် နှိုးရမှာလဲ ၊ ဆရာပဲ သူ့ကိုအိပ်ပျော် အောင်လုပ်လိုက်ပြီးတော့'

Monday, April 5, 2010

မကစားပေးနိုင်ဘူး ၊ စားပေးနိုင်တယ်

Buzz This ' ဆယ်မိနစ်လောက် ကျွန်တော့အစား ၀င်ကစားပေးပါလားဗျာ ၊ အဲ့ဒီ့အချိန်အတွင်း ဗိုက်ဆာလို့ ကျွန်တော် စားသောက်ဆိုင်မှာသွားပြီး ပြေးစားလိုက်ချင်တယ် 'ဟု ဖဲကစားသူက မိမိ၏ ဘေးနားကလူကို ပြောသည်။ ' ဆောရီးပဲ ၊ ကျွန်တော် ဖဲမကစားတတ်ဘူး ၊ အဲ ခင်ဗျားအစား သွားစား ပေးပါဆိုရင်တော့ ကျေကျေနပ်နပ် ကူညီပေးနိုင်တယ်ဗျာ '

စားချင်သလား

Buzz This အီဗန်သည် မိမိ၏သူငယ်ချင်း နီကိုလိုင်အိမ်သို့ ရောက်လာသည်။ နီကိုလိုင်၏မိခင်က တံခါးကို ဖွင့်ပေးသည်။
' နီကိုလိုင်ထမင်းစားနေတယ်ကွဲ့ ၊ မင်းလည်းထမင်းစားချင်မယ်ထင်တယ်'
'ဟုတ်ကဲ့'
' ဒီလိုဆို အိမ်ပြန်ထမင်းသွားစားချေ ၊ ပြီးတော့မှပြန်လာခဲ့ပေါ့'

ထူးခြားတဲ့လင်မယား

Buzz This 'ကျွန်မတို့ အိမ်ထောင်သက် ဆယ်နှစ်ရှိပြီ။ တစ်ခါထဲပဲ နှစ်ယောက်အတူတူ အိမ်ထဲကအိမ်ပြင် ထွက်ဖူးတယ်'
'ရုပ်ရှင်သွားကြည့်ကြတာလား' 'မဟုတ်ဘူး ၊ အိမ်ကို မီးလောင်လို့ '

Recent Post

 
Web Informer Button